ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးကာလအတွင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၈/၂၀၁၂) ကို ၂၈-၂-၂၀၁၂ ရက်နေ့ လွှတ်တော်အစည်းအဝေးပြီးဆုံးချိန်တွင် ကော်မတီရေးရာဆောင်အမှတ် (I-17) ၌ ကျင်းပခဲ့ပါသည်။
အမျိုးသားလွှတ်တော် ပထမအကြိမ် တတိယပုံမှန် အစည်းအဝေး၌ တိုင်ကြားစာ အမှုတွဲများနှင့် စပ်လျဉ်း၍ စိစစ်ခြင်း၊ အတွင်းရေးမှူးမှ တိုင်ကြားစာ အမှုတွဲများအား ဖတ်ကြားခြင်း၊ သာကေတမြို့နယ် ရေးစီးရေလာ ကောင်းစေရန် ဥပဒေနှင့်အညီ ဆောင်ရွက် နိုင်ရေးအတွက် အမှုတွဲအား ပြည်ထောင်စု အစိုးအဖွဲ့သို့ ပေးပို့ သင့်ကြောင်း ကော်မတီ၏ တင်ပြချက်ကို တိုင်ကြားစာ ကော်မတီဥက္ကဋ္ဌမှ အတည်ပြုခြင်း အစည်းအဝေးကို ၂၈.၂.၂၀၁၂ ရက်နေ့ ၁၄:၃၀ နာရီတွင် ပြုလုပ် ကျင်းပခဲ့ပါသည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးကာလအတွင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၆/၂၀၁၂) ကို ၂၃-၂-၂၀၁၂ ရက်နေ့ လွှတ်တော်အစည်းအဝေးပြီးဆုံးချိန်တွင် ကော်မတီရေးရာဆောင်အမှတ် (I-17) ၌ ကျင်းပခဲ့ပါသည်။
အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ၏ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာရုံးများ၏ ၂၀၁၂ခုနှစ်၊ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအား ခေါ်ယူ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း အစည်းအဝေးကို ၂၂-၂-၂၀၁၂ ရက်နေ့တွင် ကော်မတီရေးရာ ဆောင်၌ ကျင်းပခဲ့ပါသည်။
အမျိုးသားလွှတ်တော် ပထမအကြိမ် တတိယပုံမှန် အစည်းအဝေး၌ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အမျိုးသားစီမံကိန်းဆိုင်ရာ အချက်အလက်များ ညှိနှိုင်းအတည်ပြုရေး အစည်းအဝေးကို ၂၀.၂.၂၀၁၂ ရက်နေ့ အစည်းအဝေး အမှတ်စဉ် ၃/၂၀၁၂ ဖြင့် ပြုလုပ်ကျင်းပခဲ့ပါသည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးကာလအတွင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီသည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ၂၀၁၂-၂၀၁၃ R.E/B.E Budget ကိစ္စများဆွေးနွေးခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၁၂) ကို ၂၀-၂-၂၀၁၂ ရက်နေ့ (၁၄:၀၀)တွင် ကော်မတီရေးရာဆောင်အမှတ် (I-17) ၌ ကျင်းပခဲ့ပါသည်။
အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ၏ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာရုံးများ၏ ၂၀၁၂ခုနှစ်၊ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ ခေါ်ယူတွေ့ဆုံမေးမြန်းစိစစ်ရန် ကိစ္စနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀-၂-၂၀၁၂ ရက်နေ့တွင် ကော်မတီရေးရာဆောင်၌ ကျင်းပ ခဲ့ပါသည်။
အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ၏ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာရုံးများ၏ ၂၀၁၂ခုနှစ်၊ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအား ခေါ်ယူ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း အစည်းအဝေးကို ၂၀-၂-၂၀၁၂ ရက်နေ့တွင် ကော်မတီရေးရာ ဆောင်၌ ကျင်းပခဲ့ပါသည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေးကာလအတွင်း အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ၂၀၁၂ – ၂၀၁၃ အမျိုးသားစီမံကိန်း ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ၁၉.၂.၂၀၁၂ ရက်နေ့ (၁၀:၀၀)နာရီတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကြောင့် ပြည်တွင်းလုပ်ငန်းများရှိ အလုပ် သမားများ၏ အနိမ့်ဆုံး လုပ်အားခအပေါ် ထိခိုက်မှု မရှိစေရေးအတွက် ဆွေးနွေးခြင်း အစည်းအဝေးကို ၁၉.၂.၂ဝ၁၂ ရက်နေ့၊ အစည်း အဝေး အမှတ်စဉ် ၄/၂ဝ၁၂ ပြုလုပ် ကျင်းပခဲ့ပြီး အလုပ်သမားနှင့် ပတ်သက်သော ဥပဒေ (၁၉) ခုကို ပြန်ပြီး Review လုပ်သည့်အခါ နိုင်ငံတကာ စံနှုန်းနှင့် ညီအောင် ဆောင်ရွက်သွားရန်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ထိုင်းနိုင်ငံဘက်မှ မှတ်ပုံတင်ထားပြီးသော အလုပ်သမားများအား ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေး နိုင်ရေးအတွက် ဆောင်ရွက်ရန် အစည်း အဝေးမှ ဆုံးဖြတ်ခဲ့