အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ ၃၁.၁.၂ဝ၁၂ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ်၊ ပြည်ထောင်စုလွှတ်တော်၊ တတိယ ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းခဲ့သည့် ၂ဝ၁၁-၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေး နှစ် အမျိုးသားစီမံကိန်း ဥပဒေ ကြမ်းပါ အလုပ်သမားကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးခြင်း အစည်းအဝေးကို ၁၈.၂.၂ဝ၁၂ ရက်နေ့၊ အစည်းအဝေး အမှတ်စဉ် ၃/၂ဝ၁၂ ပြုလုပ် ကျင်းပခဲ့ပြီး ၂၀၁၂-၂၀၁၃ မှာ အနည်းဆုံး အခကြေးငွေ ဥပဒေကို အပြီးသတ် ရေးဆွဲနိုင်ရေး အတွက် တိုက်တွန်းရန်၊ တည်ဆဲဥပဒေများအား ပြောင်းလဲလာသော ခေတ် နှင့် အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ နိုင်ငံတကာစံနှုန်းများ နှင့်အညီ လူမှုဖူလုံရေး
ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးကာလအတွင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၁၂) ကို ၁၆-၂-၂၀၁၂ ရက်နေ့ လွှတ်တော်အစည်းအဝေးပြီးဆုံးချိန်တွင် ကော်မတီရေးရာဆောင်အမှတ် (I-17) ၌ ဆက်လက်ကျင်းပခဲ့ပါသည်။
အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် ဥပဒေကြမ်းများ နှင့်ပတ်သက်၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနကို စိစစ်ရန်အတွက် အကြိုဆွေးနွေးခြင်း အစည်းအဝေးကို ၁၅.၂.၂ဝ၁၂ ရက်နေ့၊ အစည်းအဝေး အမှတ်စဉ် ၂/၂ဝ၁၂ ပြုလုပ်ကျင်းပခဲ့ပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနကို ဘဏ္ဍာရေးဥပဒေကြမ်းများ နှင့်ပတ်သက်၍ ဆွေးနွေးရန်အတွက် ဖိတ်ကြားရန်၊ ကော်မတီဝင်များ၏ Address စာအုပ်လုပ်၍ ဖြန့်ဝေရန် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။
အမျိုးသားလွှတ်တော် ပထမအကြိမ် တတိယပုံမှန် အစည်းအဝေး၌ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရသုံးခန့် မှန်းခြေ ငွေစာရင်းကိစ္စနှင့် ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကိစ္စကို ၁၄.၂.၂၀၁၂ ရက်နေ့ အစည်းအဝေး အမှတ်စဉ် ၂/၂၀၁၂ ဖြင့် ပြုလုပ် ကျင်းပခဲ့ပါ သည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးကာလအတွင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၁၂) ကို ၁၄-၂-၂၀၁၂ ရက်နေ့ (၁၄:၀၀)တွင် ကော်မတီရေးရာ ဆောင်အမှတ် (I-17) ၌ ကျင်းပခဲ့ပါသည်။
အမျိုးသားလွှတ်တော် ပထမအကြိမ် တတိယပုံမှန် အစည်းအဝေး၌ တိုင်ကြားစာ အမှုတွဲများနှင့် စပ်လျဉ်း၍ စိစစ်ခြင်း၊ ဥက္ကဋ္ဌမှ တက်လမ်းကုမ္ပဏီကိစ္စ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အမှုတွဲပေးရန်၊ တိုင်ကြားသူများ နစ်နာမှု မရှိစေရေး ပြည်ထောင်စု အစိုးရအဖွဲ့သို့ အမှုတွဲများပို့ရန် ပြောကြားခြင်း အစည်းအဝေးကို ၁၄. ၂. ၂၀၁၂ ရက်နေ့ လွှတ်တော် အစည်းအဝေး ပြီးစီးချိန်တွင် ပြုလုပ် ကျင်းပခဲ့ပါသည်။
အမျိုးသားလွှတ်တော် ပထမအကြိမ် တတိယပုံမှန် အစည်းအဝေး၌ တိုင်ကြားစာ အမှုတွဲများနှင့် စပ်လျဉ်း၍ စိစစ်ခြင်း၊ တိုင်ကြားစာများအား လုပ်ထုံးလုပ်နည်း ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပေးပို့ရေး စိစစ်ရန် ဥက္ကဋ္ဌမှ မှာကြားခြင်း အစည်းအဝေးကို ၁၁.၂.၂၀၁၂ ရက်နေ့ လွှတ်တော် အစည်းအဝေး ပြီးစီးချိန်တွင် ပြုလုပ် ကျင်းပခဲ့ပါသည်။
အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ၏ နယ်မြေဒေသ ကွင်းဆင်းလေ့လာရေးခရီးစဉ်များ သွားရောက်နိုင်ရေးကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁၁-၂-၂၀၁၂ ရက်နေ့တွင် ကော်မတီရေးရာဆောင်၌ ကျင်းပခဲ့ပါသည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးကာလအတွင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၁၂) ကို ၉-၂-၂၀၁၂ ရက်နေ့ (၁၆:၃၀)တွင် ကော်မတီရေးရာဆောင်အမှတ် (I-17) ၌ ကျင်းပခဲ့ပါသည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးကာလအတွင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၂) ကို ၆-၂-၂၀၁၂ ရက်နေ့ (၁၅:၃၀)တွင် ကော်မတီရေးရာဆောင်အမှတ် (I-17) ၌ ကျင်းပခဲ့ပါသည်။