| ၁။ | အကြိမ် | - | ဒုတိယအကြိမ် |
| ၂။ | အမည် | - | ဦးဘမျိုးသိန်း |
| ၃။ | အခြားအမည်ရှိလျှင် | - | မရှိပါ |
| ၄။ | လူမျိုး/ဘာသာ | - | ဗမာ/ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၁၂/ဥကတ(နိုင်)၀၄၇၉၀၃ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၀၅-၀၈-၁၉၅၄ / (၆၄) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | ပြည်မြို့ |
| ၈။ | ပညာအရည်အချင်း | - | B.Ag(၁၉၈၀) |
| ၉။ | လက်ရှိအလုပ်အကိုင် | - | မရှိပါ |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးအောင်သိန်း(ကွယ်လွန်) |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်မြကြွယ်(ကွယ်လွန်) |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | မရှိပါ |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | မရှိပါ |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | အမှတ်(၁၂၆)၊ ၃လွှာ(အေ)၊ အောင်ဇေယျာလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ အလုံမြို့နယ် |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၅) |
အ.မ.က၊ အေဘီအမ်(ပြည်)၊ အ.မ.က ပန်းဘဲတန်း(ပြည်)၊ အ.ထ.က(၁)ပြည်၊ အ.ထ.က(၃)ပြည်(၁၉၇၄)၊ စိုက်ပျိုးရေးတက္ကသိုလ်(ရေဆင်း)တွင် (၁၉၈၀) ၌ စိုက်ပျိုးရေးဘွဲ့ ရရှိခဲ့ပါသည်။
၁၉၈၁ – ၁၉၉၀ ခုနှစ်တွင် လယ်-စိုက်-ရှင်း၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းရုံးချုပ်တွင်လည်းကောင်း၊ ၂၀၁၁- ၂၀၁၂ တွင် ရွှေသစ္စာသြဂဲနစ်မြေသြဇာလုပ်ငန်း (အချိန် ပိုင်း)တွင်လည်းကောင်း၊ ၂၀၁၃-၂၀၁၄ တွင် SAMURAI.com Co.,Ltd.(အချိန်ပိုင်း) ရန်ကုန်တို့တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ခဲ့သည်။ ၁၉၈၉-၁၉၉၀ ခုနှစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ဖြင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည်။ ခရိုင်ကော်မရှင်အဖွဲ့ဝင်အနောက်ပိုင်းခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပါတီညီလာခံကျင်းပရေးကော်မရှင် ၂၀၁၂ ခုနှစ်။ မြို့နယ် ဒု-ဥက္ကဋ္ဌ၊ ဗဟန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်၊ ခရိုင် ဥက္ကဋ္ဌ၊ အနောက်ပိုင်းခရိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်၊ ၂၀၁၃-၂၀၁၅ ခုနှစ်။ အရံဗဟိုကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၃ ခုနှစ်။ ဗဟိုကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ခုနှစ်။ ဗဟိုတောင်သူ လယ်သမားရေးကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၂၀၁၃ – ၂၀၁၅ ခုနှစ်။ အလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း၊ ရန်ကုန်မြို့တွင် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
တရားမဝင်အဖွဲ့အစည်းဆက်သွယ်မှုဖြင့် ၁၉၉၁ခုနှစ်တွင် ပုဒ်မ၅(ည)၊ ၁၇(၁)ဖြင့် ထောင်ဒဏ်(၇)နှစ်၊ အင်းစိန်ထောင်အတွင်း နိုင်ငံရေးလုပ်မှုဖြင့် ၁၉၉၆ ခုနှစ်တွင် ပုဒ်မ၅(င)၊ အသင်းအဖွဲ့(၆)ဖြင့်၊ ထောင်ဒဏ်(၁၂)နှစ်၊ စုစုပေါင်းထောင်ဒဏ်(၁၉)နှစ် ကျခံရသည်။ အင်းစိန်ထောင်နှင့် သရက်ထောင်တို့တွင် စုစုပေါင်းပြစ်ဒဏ်အပါအဝင် (၁၉)နှစ်နှင့် (၃)လချုပ်ရက်အပါအဝင် နေခဲ့ရသည်။
မှတ်ချက်