အမိန့်ကြော်ငြာစာများ

အမျိုးသားလွှတ်တော်၏ (၂၆-၃-၂၀၂၆) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၆) ဖြင့် ဖွဲ့စည်းခဲ့သည့် ဥပဒေကြမ်းကော်မတီ၌ အဖွဲ့ဝင်အဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) ဦးလှသိန်း အစား ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၄) ဦးအောင်ကျော်မင်း အားလည်းကောင်း၊ ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးရှားရယ် အစား ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးပြုံးချို အားလည်းကောင်း အစားထိုးပြင်ဆင်ဖွဲ့စည်းလိုက်သည်။

အမိန့်ကြော်ငြာစာများ

၁။ အမျိုးသားလွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၄ (ဃ)၊ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၄ (ဃ)နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးဆုံးဖြတ်ချက်တို့အရ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကို အောက်ပါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည် -

၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ) အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်သည်။

အမိန့်ကြော်ငြာစာများ

၁။ အမျိုးသားလွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄(ဂ)၊ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄(ဂ)နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးဆုံးဖြတ်ချက်တို့အရ လွှတ်တော်အခွင့်အရေးကော်မတီကို အောက်ပါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၅)ဦးဖြင့် ဖွဲ့စည်းလိုက်သည် -

အမိန့်ကြော်ငြာစာများ

၁။ အမျိုးသားလွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄(ခ)၊ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄(ခ)နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးဆုံးဖြတ်ချက်တို့အရ ပြည်သူ့ငွေစာရင်းကော်မတီကို အောက်ပါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၅)ဦးဖြင့် ဖွဲ့စည်းလိုက်သည် -

၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ) အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်သည်။

အမိန့်ကြော်ငြာစာများ

၁။   အမျိုးသားလွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄(က)၊ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄(က)နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးဆုံးဖြတ်ချက်တို့အရ ဥပဒေကြမ်းကော်မတီကို အောက်ပါ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၁၅)ဦးဖြင့် ဖွဲ့စည်းလိုက်သည် -      

၂။       ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ) အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်သည်။

ကော်မတီ အစည်းအဝေး

နေပြည်တော်၊ ဇွန် (၁၁)

အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၁-၆-၂၀၂၆) ရက်နေ့ (၁၀:၃၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-20) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

တွေ့ဆုံမှု

ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း/အဖွဲ့များမှ အဖွဲ့ဝင်(၄၈)ဦးတို့သည် (၄-၆-၂၀၂၆) ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့ လာရောက်ခဲ့ပြီး လွှတ်တော်အစည်းအဝေးခန်းမ၊ တိုင်းရင်းသားရိုးရာဝတ်စုံ ဝတ်ဆင် ဆင်ယင်ထားသည့်အရုပ်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပြကွက်တို့ကို လေ့လာကြည့်ရှုခဲ့ကြပါသည်။ 

အမျိုးသားလွှတ်တော်၏ သတင်းလွှာတွင် စာရင်းပေးသွင်းထားခြင်းဖြင့် နောက်ဆုံးရသတင်းများကို သင်၏ အီးမေးလ်ထဲတွင် လက်ခံရယူလိုက်ပါ။